ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ပုံစံ (၁၅) တောင်းဆိုရာတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အပါအဝင် မဲဆန္ဒနယ် အားလုံးအတွက် တောင်းဆိုရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၁၅-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကြေညာချက်များအား အောက်ပါ link များတွင် ဖော်ပြထားပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်-
– ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များသတ်မှတ်ကြေညာခြင်း – MORE DETAILS
– အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များသတ်မှတ်ကြေညာခြင်း – MORE DETAILS
– တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း – MORE DETAILS
– တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း – MORE DETAILS
ကြိုတင်ဆန္ဒမဲပေးလိုသည့် ပြည်ပရောက်မဲဆန္ဒရှင်တိုင်းသည် ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် မဲပေးနိုင်ရေး ပုံစံ (၁၅) တောင်းဆိုရာတွင် သတ်မှတ်ကာလမှာ ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ ရက်နေ့အတွင်း မိမိနှင့် သက်ဆိုင်သည့် မြို့နယ်အတွက် ပုံစံ (၁၅)ဖြင့် တောင်းဆိုနိုင်မည်ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ချက်အရ နောက်ဆုံးပေးပို့ရမည့် နေ့ရက်ကျော်လွန်၍ လက်ခံရရှိသော ပုံစံ (၁၅)များကို လက်ခံဆောင်ရွက်ခြင်းပြုနိုင်မည်မဟုတ်ပါသဖြင့် မြန်မာသံရုံးသို့ သတ်မှတ်ရက်အတွင်း ပေးပို့ပါရန်လည်း လေးစားစွာ ထပ်မံအသိပေးအပ်ပါသည်။
