slide-01
previous arrow
next arrow

Goverment Websites

Embassy Websites

Myanmar Map

Social Visa

၁။ ပြည်ဝင်ဗီဇာလျှောက်ထားရာတွင် လိုက်နာရမည့်အချက်များ-
(က) ဗီဇာမလျှောက်ထားခင် ညွှန်ကြားချက်များကို သေချာစွာဖတ်ရှု လိုက်နာပါရန်။
(ခ) နိုင်ငံကူးလက်မှတ်၏ သက်တမ်းသည် အနည်းဆုံး (၆)လ ကျန်ရှိရမည်။
(ဂ) လွန်ခဲ့သည့် (၃)လ အတွင်းက ရိုက်ကူးထားသော ရောင်စုံဓာတ်ပုံ ပူးတွဲတင်ပြရမည်။
(ဃ) Visa လျှောက်ထားသူများသည် စာတိုက် မှတစ်ဆင့် လျှောက်ထားမည်ဆိုပါက လျှောက်လွှာ နှင့်အတူ special prepaid envelope တံဆိပ်ခေါင်းကပ်ထားသော၊ ပြန်ပို့ရမည့်လိပ်စာ အတိအကျရေးထားသည့် စာအိတ်ကို Register ပြုလုပ်၍ တစ်ပါတည်း ထည့်သွင်းပေးပို့ပါရန်)။
(င) စာတိုက်မှတစ်ဆင့် Visa application များ ပေးပို့ရာတွင် စာတိုက်၏ ဝန်ဆောင်မှု နှေးကွေးခြင်းကြောင့် ကြန့်ကြာမှုများကို သံရုံးမှ ဖြေရှင်းပေးမည်မဟုတ်ပါကြောင်း အသိပေး အပ်ပါသည်။
(စ) စာရွက်စာတမ်းများ မပြည့်စုံ၍ ဗီဇာလျှောက်ထားခြင်း ကြန့်ကြာမှုများကို သံရုံးမှ တာဝန်ယူ ဖြေရှင်းပေးသွားမည် မဟုတ်ပါ။
(ဆ) သံရုံးမှ လိုအပ်၍ စာရွက်စာတမ်းများ ထပ်မံတောင်းခံပါက တင်ပြနိုင်ရပါမည်။
(ဇ) ဗီဇာကြေးကို ကြိုတင်ပေးသွင်းခြင်းမပြုရန်နှင့် ဗီဇာကြေးပေးသွင်းနိုင်ပြီဖြစ်ကြောင်း သံရုံး၏ ဆက်သွယ်အကြောင်းကြားချက်ရရှိမှသာ သံရုံး၏ဘဏ်ငွေစာရင်းသို့ အကြောင်းအရာ ဖော်ပြ၍ ဗီဇာကြေးပေးသွင်းရန်။

၂။ အော်စလိုမြို့၊ မြန်မာသံရုံးအနေဖြင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို အောက်ပါအချိန်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်-
(က) နေ့ရက်။ တနင်္လာနေ့မှ သောကြာနေ့အထိ (အစိုးရရုံးပိတ်ရက်များမှအပ)
(ခ) အချိန်။ (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ
(၁၃:၀၀) နာရီမှ (၁၅:၃၀) နာရီအထိ

၃။ ဗီဇာလျှောက်ထားသူများ သိရှိရမည့် အချက်အလက်များနှင့် လျှောက်လွှာများကို သံရုံး website တွင် အပြည့်အစုံ ဖော်ပြထားပြီးဖြစ်ပါသည်။ Website တွင် ဖတ်ရှု၍ မရှင်းလင်းသည်များ နှင့် သိရှိလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ်သို့ သတ်မှတ်ချိန်အတိုင်း ဆက်သွယ် မေးမြန်းပါရန် မေတ္တာရပ်ခံအပ်ပါသည်-
(က) နေ့ရက်။ တနင်္လာနေ့မှ သောကြာနေ့အထိ (အစိုးရရုံးပိတ်ရက်များမှအပ)
(ခ) အချိန်။ (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ
(၁၃:၀၀) နာရီမှ (၁၅:၃၀) နာရီအထိ
(ဂ) တယ်လီဖုန်း။ (+၄၇) ၂၁၅ ၆၆ ၉၈၀

တစ်ကြိမ်သုံး လူမှုရေးပြည်ဝင်ဗီဇာ (Social Visa -Single)

၄။ မြန်မာနိုင်ငံသားဟောင်းများ လူမှုရေးပြည်ဝင်ဗီဇာ(Social Visa) လျှောက်ထားပါက အောက် ဖော်ပြပါ ပုံစံများနှင့် စာရွက်စာတမ်းများအား ဖြည့်စွက်၍ လျှောက်ထားရပါမည်-
(က) Visa Application Form၊
(မိမိ၏ နေရပ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ် အပိုဒ် ၁၁ မြန်မာနိုင်ငံတွင် နေမည့် လိပ်စာ အပိုဒ် ၁၄ နှင့် နေထိုင်မှုကိစ္စ တာဝန်ခံမည့် ပုဂ္ဂိုလ် အပိုဒ် ၁၆ တို့အား ပြည့်စုံစွာ ဖြည့်ရန်။)
(ခ) Admittance Form၊
(ဂ) Form for Social Visa၊
(ဃ) မြန်မာနိုင်ငံမှ ဖိတ်ကြားစာနှင့် ဖိတ်ကြားသူ၏မှတ်ပုံတင် ရောင်စုံမိတ္တူ၊
(င) မြန်မာနိုင်ငံမှ ဖိတ်ကြားသူ၏ အိမ်ထောင်စုလူဦးရေးစာရင်း ရောင်စုံမိတ္တူ(ရှေ့/နောက်) (သို့မဟုတ်) ရပ်ကွက်/မြို့နယ်၌ နေထိုင်ကြောင်း ထောက်ခံစာ ရောင်စုံမိတ္တူ၊
(စ) လေယာဉ်ခရီးစဉ်လက်မှတ် (အသွား/အပြန်)၊
(ဆ) နိုင်ငံကူးလက်မှတ်မူရင်းနှင့် ရောင်စုံမိတ္တူ၊
(ဇ) ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံ (၁ပုံအား Visa Application form တွင် ကပ်ပါရန် နှင့် ၁ပုံအား သီးသန့်ပေးပါရန်)။

Download ရယူရန်

Visa Application Form
Form for Social Visa
Admitted form
Visa fees

အကြိမ်ကြိမ် လူမှုရေးပြည်ဝင်ဗီဇာ (Social Visa-Multiple)

၅။ အကြိမ်ကြိမ် လူမှုရေးပြည်ဝင်ဗီဇာ (Social Visa – Multiple) လျှောက်ထားသူသည် တစ်ကြိမ်သုံး လူမှုရေးပြည်ဝင်ဗီဇာ (Social Visa – Single) ဖြင့် မြန်မာနိုင်ငံသို့ အနည်းဆုံး တစ်ကြိမ် သွားရောက်ဖူးသူ ဖြစ်ရမည်ဖြစ်ပြီး အောက်ဖော်ပြပါပုံစံများနှင့် စာရွက်စာတမ်းများအား ဖြည့်စွက်၍ လျှောက်ထားရပါမည်-
(က) Visa Application Form၊
(မိမိ၏ နေရပ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ် အပိုဒ် ၁၁ မြန်မာနိုင်ငံတွင် နေမည့် လိပ်စာ အပိုဒ် ၁၄ နှင့် နေထိုင်မှုကိစ္စ တာဝန်ခံမည့် ပုဂ္ဂိုလ် အပိုဒ် ၁၆ တို့အား ပြည့်စုံစွာဖြည့်ရန်။)
(ခ) Admitted form၊
(ဂ) ကိုယ်ရေးစာ(မည့်သည့်အတွက် Multiple Visa ရယူလိုကြောင်း အကြောင်းအရာအား အခိုင်အမာ အထောက်အထား တင်ပြရမည်၊ ၃လ (သို့) ၆လ (သို့) ၁နှစ် မည်သည့် ဗီဇာ ရယူလိုကြောင်း တင်ပြရမည်)
(ဃ) မြန်မာနိုင်ငံမှ ဖိတ်ကြားစာနှင့် ဖိတ်ကြားသူ၏မှတ်ပုံတင် ရောင်စုံမိတ္တူ၊
(င) မြန်မာနိုင်ငံမှ ဖိတ်ကြားသူ၏ အိမ်ထောင်စုလူဦးရေးစာရင်း ရောင်စုံမိတ္တူ(ရှေ့/နောက်) (သို့မဟုတ်) ရပ်ကွက်/မြို့နယ်၌ နေထိုင်ကြောင်း ထောက်ခံစာ ရောင်စုံမိတ္တူ၊
(စ) လေယာဉ်ခရီးစဉ်လက်မှတ် (အသွား/အပြန်)၊
(ဆ) နိုင်ငံကူးလက်မှတ်မူရင်းနှင့် ရောင်စုံမိတ္တူ၊
(ဇ) ပတ်စ်ပို့ဓာတ်ပုံ(၂)ပုံ (၁ပုံအား Visa Application form တွင် ကပ်ပါရန် နှင့် ၁ ပုံအား သီးသန့်ပေးပါရန်)၊
(ဈ) မြန်မာပြည်သို့ ယခင်ဝင်ရောက်ထားသည့် Social Visa မိတ္တူ။
(သံရုံးမှ လိုအပ်၍ စာရွက်စာတမ်းများ ထပ်မံတောင်းခံပါက တင်ပြနိုင်ရမည်။)

Download ရယူရန်

Visa Application Form
Admitted form
Visa fees

နိုင်ငံခြားသား ဇနီး/ခင်ပွန်းများအတွက် လူမှုရေးအလည်အပတ်ဗီဇာ(Social Visa)

၆။ မြန်မာနိုင်ငံသား (သို့မဟုတ်) မြန်မာနိုင်ငံသားဟောင်းနှင့် လက်ထပ်ထားသည် နိုင်ငံခြားသား ခင်ပွန်း/ဇနီးသည်များအတွက် Social Visa လျှောက်ထားရာတွင် အောက်ဖော်ပြပါပုံစံများနှင့် စာရွက်စာတမ်းများအား ဖြည့်စွက်၍ လျှောက်ထားရပါမည်-
(က) Visa Application Form၊
(မိမိ၏ နေရပ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ် အပိုဒ် ၁၁ မြန်မာနိုင်ငံတွင် နေမည့် လိပ်စာ အပိုဒ် ၁၄ နှင့် နေထိုင်မှုကိစ္စ တာဝန်ခံမည့် ပုဂ္ဂိုလ် အပိုဒ် ၁၆ တို့အား ပြည့်စုံစွာဖြည့်ရန်)
(ခ) လေယာဉ်ခရီးစဉ်လက်မှတ် (အသွား/အပြန်)၊
(ဂ) နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ၊
(ဃ) Passport ဓာတ်ပုံ(၂)ပုံ၊
(၁ပုံအား Visa Application form တွင် ကပ်ပါရန် နှင့် ၁ပုံအား သီးသန့်ပေးပါရန်)
(င) လက်ထပ်စာချုပ်မိတ္တူ
(မြန်မာနိုင်ငံတွင် တရားဝင်လက်ထပ်ထားသော တရားသူကြီး လက်မှတ်ပါစာချုပ် ဖြစ်ရမည်။)
(စ) မြန်မာနိုင်ငံသား (သို့မဟုတ်) မြန်မာနိုင်ငံသားဟောင်း ဇနီး/ခင်ပွန်း၏ Passport မိတ္တူ၊
(ဆ) မြန်မာနိုင်ငံသား (သို့မဟုတ်) မြန်မာနိုင်ငံသားဟောင်း ဇနီး/ခင်ပွန်း၏ Residence card မိတ္တူ၊
(ဇ) မြန်မာနိုင်ငံသား (သို့မဟုတ်) မြန်မာနိုင်ငံသားဟောင်း ဇနီး/ခင်ပွန်းမှ သံအမတ်ကြီးအား လိပ်မူ သည့်မေတ္တာရပ်ခံစာ၊
(ဈ) အဆိုပါ နိုင်ငံခြားသားအား မြန်မာနိုင်ငံရှိ တာဝန်ခံဖိတ်ကြားသူ၏ ဖိတ်ကြားစာနှင့် ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊
(ည) ဖိတ်ကြားသူနှင့် မြန်မာနိုင်ငံသား ဇနီး/ခင်ပွန်းနှင့် မည်သို့ ဆွေမျိုး တော်စပ်ကြောင်း ခိုင်မာသည့် သက်သေအထောက်အထား (ဥပမာ-မိသားစုသန်းခေါင်စာရင်း)

(လျှောက်ထားသူသည် ကနဦး (ပထမဆုံးအကြိမ်လျှောက်ထားသူ) ဖြစ်ပါက နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြလျှောက်ထား၍ သက်ဆိုင်ရာမှ ခွင့်ပြုမိန့် ရရှိမှသာ သံရုံးအနေဖြင့် ဗီဇာထုတ်ပေးသွားမည် ဖြစ်ပါသည်။ သံရုံးမှ လိုအပ်၍ စာရွက်စာတမ်းများ ထပ်မံတောင်းခံပါက တင်ပြနိုင်ရပါမည်။)

Daily News

Yangon Time

Oslo Time

အဂတိလိုက်စားမှုများတိုင်ကြားရန်