slide-01
previous arrow
next arrow

Goverment Websites

Embassy Websites

Myanmar Map

Loss and Damage Passport

နိုင်ငံကူးလက်မှတ် (ပျောက်ဆုံး၊  ပျက်စီး) အသစ်ထုတ်ပေးရန်အတွက် တင်ပြလျှောက်ထား ရမည့်အချက်အလက်များ

(က) နိုင်ငံကူးလက်မှတ် ပျောက်ဆုံးပါက သံရုံးသို့(၁)ပတ်အတွင်း အသိပေးအကြောင်းကြားရန်၊  
(ခ) ပျောက်ဆုံးကြောင်းအကျိုးကြောင်းဖော်ပြထားသည့်ကိုယ်ရေး လျှောက်လွှာပုံစံ၊ (သံအမတ်ကြီးထံသို့ လိပ်မူပြီး) (၁)စုံ
(ဂ) ကိုယ်ရေးမှတ်တမ်း (ဓါတ်ပုံကပ်ပြီး)  (၁)စုံ 
(ဃ) နိုင်ငံကူးလက်မှတ်မိတ္တူနှင့် သက်တမ်းရှိဗီဇာမိတ္တူ/
နေထိုင်ခွင့်(residence permit)မိတ္တူ(ရှေ့/နောက်)
(၁)စုံ
(င) ရဲစခန်းထောက်ခံစာ (၁)စုံ
(စ) အလုပ်အကိုင်ဖြင့် လျှောက်ထားပါက

  • အလုပ်ခန့်စာ(သို့)
  • Pay Slip (၃) လစာ မိတ္တူ
(၁)စုံ
(ဆ) ကျောင်းသားဖြင့်လျှောက်ထားပါက

  • ကျောင်းထောက်ခံစာ မိတ္တူ
(၁)စုံ
(ဇ) မှီခိုအနေဖြင့် လျှောက်ထားပါက

  • မိမိမှီခိုမည့်သူ၏ နိုင်ငံကူးလက်မှတ်မိတ္တူနှင့် Pay Slip (၃)လစာ မိတ္တူ
  • လိုအပ်ပါက ၎င်း၏ သက်တမ်းရှိ ဗီဇာမိတ္တူ
(၁)စုံ

(၁)စုံ

(စျ) နိုင်ငံကူးလက်မှတ် ပျောက်ဆုံးကြောင်းအား (၁) နှစ်ကျော်မှ အကြောင်းကြား လျှောက်ထားလာပါက သက်ဆိုင်ရာနိုင်ငံမှ နိုင်ငံသား မခံယူထားကြောင်းစာ ပူးတွဲတင်ပြရန်  
(ည)  စာအုပ်ဖိုး (၄၅၀) ခရိုနာနှင့် ပျောက်ဆုံးဒဏ်ကြေး(၁၁၂၅) ခရိုနာ စုစုပေါင်း (၁၅၇၅) ခရိုနာ ပေးသွင်းရန်။ (သံရုံး၏ ဘဏ်စာရင်းအကောင့်ထဲသို့ ဝင်ရောက်လာသည့် ငွေကို ပြန်လည်ထုတ်ပေးနိုင်ခြင်း မရှိသောကြောင့် Passport စာအုပ်ကြေး+ပျောက်ဆုံးဒဏ်ကြေးကို ပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း ကာယကံရှင်ထံသို့ သံရုံးမှ ဆက်သွယ်အကြောင်းကြားမှသာ သံရုံး၏ ဘဏ်စာရင်းအကောင့်ထဲသို့ အကြောင်းအရာဖော်ပြ၍ ပေးသွင်းပါရန်)  

မှတ်ချက်။ ဖော်ပြပါစာရွက်စာတမ်းများအပြင် ထပ်မံလိုအပ်သည့် စာရွက်တမ်းများကို သံရုံး မှ တောင်းခံလာပါကတင်ပြနိုင်ရပါမည်။