slide-01
previous arrow
next arrow

Goverment Websites

Embassy Websites

Myanmar Map

Certificate of Identity

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားခြင်းနှင့် ပတ်သက်သည့် ညွှန်ကြားချက်များနှင့် အချက်အလက်များ

ရေမျောဒုက္ခသည်များ၊ ပြစ်ဒဏ်ကျခံ၍ လွတ်မြောက်သူများနှင့် နိုင်ငံကူးလက်မှတ် မရှိသည့်အတွက် မြန်မာနိုင်ငံသို့အပြီးပြန်လိုသော မြန်မာနိုင်ငံသားများအား တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) C of I လျှောက်ထားနိုင်ပါသည်။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည် -

(က)

မြန်မာနိုင်ငံမှ စတင်ထွက်ခွါလာသည့်အချိန်မှ လက်ရှိနေထိုင်သည့် နိုင်ငံ သို့ မည်သို့မည်ပုံ ရောက်ရှိလာကြောင်း အကျိုးအကြောင်း ဖော်ပြထား သည့် ကိုယ်ရေးလျှောက် လွှာပုံစံ (သံအမတ်ကြီးထံသို့ လိပ်မူပြီး)

(၁)စုံ

(ခ)

ကိုယ်ရေးမှတ်တမ်း (ဓါတ်ပုံကပ်ပြီး)

(၁)စုံ

(ဂ)

နိုင်ငံကူးလက်မှတ်မိတ္တူ

(၁)စုံ

(ဃ)

မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ -

  • နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

  • အိမ်ထောင်စုသန်းခေါင်စာရင်းမိတ္တူ

(၁)စုံ

(၁)စုံ

(င)

ဗီဇာ/နေထိုင်ခွင့်မိတ္တူ

(၁)စုံ

(စ)

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက ဆက်သွယ်ရမည့် လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်

 

(ဆ)

စာအုပ်ကြေး ခရိုနာ၂၂၀(သံရုံး၏ ဘဏ်စာရင်းအကောင့်ထဲသို့ ဝင်ရောက်လာသည့် ငွေကို ပြန်လည်ထုတ်ပေးနိုင်ခြင်း မရှိသောကြောင့် စာအုပ်ကြေးကို ပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း ကာယကံရှင်ထံသို့ သံရုံးမှ ဆက်သွယ်အကြောင်းကြားမှသာ သံရုံး၏ဘဏ်စာရင်းအကောင့်ထဲသို့ အကြောင်းအရာဖော်ပြ၍ ပေးသွင်းပါရန်)