slide-01
previous arrow
next arrow

Goverment Websites

Embassy Websites

Myanmar Map

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်

ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ပုံစံ (၁၅) တောင်းဆိုရာတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အပါအဝင် မဲဆန္ဒနယ် အားလုံးအတွက် တောင်းဆိုရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၁၅-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကြေညာချက်များအား အောက်ပါ link များတွင် ဖော်ပြထားပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်-

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များသတ်မှတ်ကြေညာခြင်းMORE DETAILS

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များသတ်မှတ်ကြေညာခြင်းMORE DETAILS

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်းMORE DETAILS

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်းMORE DETAILS

ကြိုတင်ဆန္ဒမဲပေးလိုသည့် ပြည်ပရောက်မဲဆန္ဒရှင်တိုင်းသည် ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် မဲပေးနိုင်ရေး ပုံစံ (၁၅) တောင်းဆိုရာတွင် သတ်မှတ်ကာလမှာ ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ ရက်နေ့အတွင်း မိမိနှင့် သက်ဆိုင်သည့် မြို့နယ်အတွက် ပုံစံ (၁၅)ဖြင့် တောင်းဆိုနိုင်မည်ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ချက်အရ နောက်ဆုံးပေးပို့ရမည့် နေ့ရက်ကျော်လွန်၍ လက်ခံရရှိသော ပုံစံ (၁၅)များကို လက်ခံဆောင်ရွက်ခြင်းပြုနိုင်မည်မဟုတ်ပါသဖြင့် မြန်မာသံရုံးသို့ သတ်မှတ်ရက်အတွင်း ပေးပို့ပါရန်လည်း လေးစားစွာ ထပ်မံအသိပေးအပ်ပါသည်။

Daily News

Yangon Time

Oslo Time

အဂတိလိုက်စားမှုများတိုင်ကြားရန်