Goverment Websites
Embassy Websites
Myanmar Map
နိုင်ငံကူးလက်မှတ်သက်တမ်းတိုး အသစ်ထုတ်ပေးရန်အတွက် တင်ပြလျှောက်ထားရမည့် အချက်အလက်များ
| (က) | ကိုယ်ရေးလျှောက်လွှာပုံစံ(သံအမတ်ကြီးသို့လိပ်မူပြီး) | (၁)စောင် |
| (ခ) | ကိုယ်ရေးမှတ်တမ်း (ဓါတ်ပုံကပ်ပြီး) | (၁) စုံ |
| (ဂ) | နိုင်ငံကူးလက်မှတ် မူရင်း + မိတ္တူ | (၁) စုံ |
| (ဃ) | လျှောက်ထားမည့်သူ၏ သက်တမ်းရှိဗီဇာမိတ္တူ (သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပေးသည့် နေထိုင်ခွင့်( residence permit)မိတ္တူ | (၁) စုံ |
| (င) | (၆) လအတွင်း ရိုက်ကူးထားသည့် ဓါတ်ပုံ CD (Soft Copy, JPEG Format)၊Background Colour အဖြူရောင် | (၁) ချပ် |
| (စ) | မှတ်ပုံတင်နှင့် သန်းခေါင်စာရင်း မိတ္တူ | (၁) စုံ |
| (ဆ) | အလုပ်အကိုင်ဖြင့် လျှောက်ထားပါက -
|
(၁) စုံ (၁) စုံ |
| (ဇ) | ကျောင်းသားဖြင့်လျှောက်ထားပါက -
|
(၁) စုံ |
| (စျ) | မှီခိုအနေဖြင့် လျှောက်ထားပါက -
|
(၁) စုံ
(၁) စုံ |
နိုင်ငံခြားသား(Foreigner) (သို့မဟုတ်) မြန်မာနိုင်ငံသားဟောင်း (Ex-Myanmar)နှင့် လက်ထပ်ထားသောမြန်မာအမျိုးသမီး မှီခိုသူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် လိုက်နာရမည့်အချက်များ
- နိုင်ငံခြားသား(Foreigner) (သို့မဟုတ်) မြန်မာနိုင်ငံသားဟောင်း (Ex-Myanmar)နှင့် လက်ထပ်ထားသော မြန်မာအမျိုးသမီး မှီခိုသူ များအနေဖြင့် သာမန်မြန်မာနိုင်ငံကူး လက်မှတ်အား သက်တမ်း တိုးမည်ဆိုပါက မြန်မာအမျိုးသမီးအား ကာကွယ်သည့် နေဖြင့် အပြန်လေယာဉ်စရိတ်အတွက် နော်ဝေးဂျီးယန်းခရိုနာ ၇၀ဝ၀/- နော်ဝေးဂျီးယန်းခရိုနာ ခုနှစ်ထောင်တိတိအား) မြန်မာသံရုံး၊ အော်စလိုမြို့တွင် (Deposit) ပေးသွင်းထားရန် လိုအပ်ပါကြောင်း အသိပေးအပ်ပါသည်။
- အဆိုပါပေးသွင်းမှု အထောက်အထားအား မြန်မာသံရုံး၊ အော်စလိုမြို့မှ မှတ်တမ်း တင်ထားမှု စာရွက်စာတမ်း ပြန်လည်ပေးအပ်မည်ဖြစ်ပြီး၊ ကာယကံရှင်မှ အဆိုပါ စာရွက်စာတမ်းအား သိမ်းဆည်းထားရန် လိုအပ်မည်ဖြစ်ပါသည်။
- အကယ်၍ (Deposit) ပေးသွင်းထားသောကာယကံရှင်သည် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်မည်(သို့မဟုတ်) နိုင်ငံခြား သားခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်ဆဲခဲ့၍ မြန်မာနိုင်ငံသို့ အပြီးအပိုင်ပြန်သွားမည်ဆိုပါက မြန်မာသံရုံးမှ ထုတ်ပေးသော အထောက်အထားစာရွက်နှင့် အတူ အဆိုပါ (Deposit)ငွေအား ပြန်လည်ထုတ်ယူနိုင်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။
| (ည) | စာအုပ်ကြေး စုစုပေါင်း (၄၅၀) ခရိုနာ (သံရုံး၏ ဘဏ်စာရင်းအကောင့်ထဲသို့ ဝင်ရောက်လာသည့် ငွေကို ပြန်လည်ထုတ်ပေးနိုင်ခြင်း မရှိသောကြောင့် Passport စာအုပ်ကြေးကို ပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း ကာယကံရှင်ထံသို့ သံရုံးမှ ဆက်သွယ်အကြောင်းကြားမှသာ သံရုံး၏ ဘဏ်စာရင်းအကောင့်ထဲသို့ အကြောင်းအရာဖော်ပြ၍ ပေးသွင်းပါရန်) ပေးသွင်းရမည့် ငွေစာရင်းနံပါတ်ကို အကြောင်းကြားပါမည်။ |
မှတ်ချက်။ ဖော်ပြပါစာရွက်စာတမ်းများအပြင် ထပ်မံလိုအပ်သည့် စာရွက်တမ်းများကို သံရုံးမှ တောင်းခံလာပါက တင်ပြနိုင်ရပါမည်။



