Goverment Websites
Embassy Websites
Myanmar Map
Certificate of Identity
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားခြင်းနှင့် ပတ်သက်သည့် ညွှန်ကြားချက်များနှင့် အချက်အလက်များ
ရေမျောဒုက္ခသည်များ၊ ပြစ်ဒဏ်ကျခံ၍ လွတ်မြောက်သူများနှင့် နိုင်ငံကူးလက်မှတ် မရှိသည့်အတွက် မြန်မာနိုင်ငံသို့အပြီးပြန်လိုသော မြန်မာနိုင်ငံသားများအား တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) C of I လျှောက်ထားနိုင်ပါသည်။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည် -
|
(က) |
မြန်မာနိုင်ငံမှ စတင်ထွက်ခွါလာသည့်အချိန်မှ လက်ရှိနေထိုင်သည့် နိုင်ငံ သို့ မည်သို့မည်ပုံ ရောက်ရှိလာကြောင်း အကျိုးအကြောင်း ဖော်ပြထား သည့် ကိုယ်ရေးလျှောက် လွှာပုံစံ (သံအမတ်ကြီးထံသို့ လိပ်မူပြီး) |
(၁)စုံ |
|
(ခ) |
ကိုယ်ရေးမှတ်တမ်း (ဓါတ်ပုံကပ်ပြီး) |
(၁)စုံ |
|
(ဂ) |
နိုင်ငံကူးလက်မှတ်မိတ္တူ |
(၁)စုံ |
|
(ဃ) |
မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ -
|
(၁)စုံ (၁)စုံ |
|
(င) |
ဗီဇာ/နေထိုင်ခွင့်မိတ္တူ |
(၁)စုံ |
|
(စ) |
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက ဆက်သွယ်ရမည့် လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ် |
|
|
(ဆ) |
စာအုပ်ကြေး ခရိုနာ၂၂၀(သံရုံး၏ ဘဏ်စာရင်းအကောင့်ထဲသို့ ဝင်ရောက်လာသည့် ငွေကို ပြန်လည်ထုတ်ပေးနိုင်ခြင်း မရှိသောကြောင့် စာအုပ်ကြေးကို ပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း ကာယကံရှင်ထံသို့ သံရုံးမှ ဆက်သွယ်အကြောင်းကြားမှသာ သံရုံး၏ဘဏ်စာရင်းအကောင့်ထဲသို့ အကြောင်းအရာဖော်ပြ၍ ပေးသွင်းပါရန်) |
|



